တောင်ပေါ်မြို့လေးတွေကို သွားလည်တော့မယ်ဆိုရင် ဘာတွေဆောင်ထားသင့်လဲဆိုတာဖတ်ကြည့်လိုက်ပါဦးနော်။
1. အေးချမ်းတဲ့ရာသီဥတု ဖြစ်တဲ့အတွက် အသားခြောက်တတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်နှစ်သက်ရာ Lotion လေးယူခဲ့ပေးပါ။ 2. နွေရာသီမှာတောင် အေးတတ်တာမို့လို့ အနွေးထည်အပါးလေးများနဲ့ ရှူးဖိနပ်အပါးလေးများယူခဲ့ပေးပါ။ 3. တောင်ပေါ်ဒေသတွေဟာ အကွေ့အကောက်တွေနဲ့လမ်းတွေမို့လို့ အညောင်းမိတတ်တာမျိုး၊ ကားမူးတတ်တာမျိုး ဖြစ်နိုင်တဲ့အတွက် လိမ်းဆေးလေးများနဲ့ ကားမူးပျောက်ဆေးလေးများယူလာခဲ့ပေးပါ။ 4. ဒေသခံလူတွေကို ဓါတ်ပုံရိုက်ချင်ရင် ခွင့်တောင်းပြီးတော့မှ ဓါတ်ပုံရိုက်စေချင်ပါတယ်။
တောင်ပေါ်မြို့လေးဖြစ်တဲ့ ပြင်ဦးလွင်ကို အလည်လာမယ်ဆိုရင် Hotel Pan Thitsar က ကြိုဆိုလျက်ပါခင်ဗျာ။