ပြင်ဦးလွင်လို့ပြောလိုက်တာနဲ့ အေးချမ်းလှပတဲ့ တောင်ပေါ်မြို့လေးဆိုတာ အားလုံးသိကြတယ်လေ။ လူငယ်တွေအကြိုက် ဓာတ်ဖမ်းလို့ကောင်းတဲ့ နေရာလှလှလေးတွေ၊ စိုက်ကွင်းကြီးတွေနဲ့ စိတ်ကူးယဥ်ဆန်ဆန်နေရာတွေက လည်ပတ်လို့ မဝနိုင်အောင် ဆွဲဆောင်လွန်းလှပါတယ်။

ဒါ့ကြောင့် မြေပြန့်ကလူတွေအနေနဲ့ ပြင်ဦးလွင်မြို့လေးကို ရောက်တဲ့အခါ သွားသင့်တဲ့နေရာလေးတွေကို ပြောပြပေးချင်ပါတယ်။

The Croft Organic Farm – Organic စိုက်ခင်းစစ်စစ်လေးတွေစိုက်ပျိုးထားတဲ့ The Croft ကိုတော့ ပြင်ဦးလွင်ရောက်တိုင်း မဖြစ်မနေသွားသင့်ပါတယ်။ ဓာတ်ဖမ်းလို့လှတဲ့ အိမ်နီနီလေးတွေနဲ့ စိုက်ခင်းတန်းလေးတွေကို ဆွဲဆောင်မှုရှိရှိဖန်တီးပေးထားပါတယ်။ ကော်ဖီသောက်ရင်း အေးဆေး chill လို့ရတဲ့ နေရာလှလှလေးဖြစ်လို့ ပြင်ဦးလွင်ရောက်ရင် သွားလည်သင့်တယ်နော်။

တရုတ်ဘုံကျောင်း – အထင်ကရနေရာလေးဖြစ်တဲ့ တရုတ်ဘုံကျောင်းကိုလည်း မေ့မထားသင့်ဘူးနော်။ ဘုံကျောင်းရဲ့ နာမည်ကြီး ဘုံ ၇ဆင့်ကြီးကလည်း ဓာတ်ဖမ်းလို့အရမ်းလှပါတယ်။ ဆွဲဆောင်နေတာကတော့ တရုတ်ဘုံကျောင်းရဲ့ သက်သက်လွတ် ထမင်းဟင်းဆိုင်လေးပဲပေါ့။ ကျောင်းဝန်းထဲမှာလည်း ဓာတ်ဖမ်းလို့လှတဲ့နေရာတွေ အများကြီးရှိသေးတယ်နော်။

The View – The View ကတော့ တောတောင်ပတ်ဝန်းကျင်ရဲ့အလှ၊ ဓာတ်တော်ချိုင့်ရေတံခွန် ၊ Sunset အလှလေးတွေကို သွားရောက်ကြည့်ရှု့ဖို့ အကောင်းဆုံးနေရာထဲက တစ်ခုပါပဲ။

Mico Hill – ဓာတ်ဖမ်းရတာခရေဇီဖြစ်တဲ့သူတွေအတွက် တကယ့်ကိုလှပတဲ့ Outdoor ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေနဲ့ စိုက်ခင်းကြီးတွေကလည်း အရမ်းကို လှပပါတယ်။ သူ့ဆီသွားတဲ့လမ်းတစ်လျှောက်မှာလည်း ထင်းရှူးတောကြီးကို ဖြတ်သွားရမှာမလို့ ပြင်ဦးလွင်ရောက်ရင် မဖြစ်မနေသွားသင့်တယ်နော်။

December Garden – December Garden ကတော့ မသိသူမရှိအောင် အရမ်းလှပတဲ့ ခြံကြီးဖြစ်ပါတယ်နော်။ လှပတဲ့စိုက်ခင်းတွေ၊ ရေတံခွန်လေးက ဓာတ်ဖမ်းချင်သူတွေကို တအားဆွဲဆောင်နိုင်ပြီး ခြံထွက်သီးနှံဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေကိုပါ သောက်သုံးရင်း အပန်းဖြေနိုင်ပါတယ်။ အခုပြောပြခဲ့တဲ့နေရာလေးတွေအပြင် တခြားလှပတဲ့ နေရာတွေအများကြီး ပြင်ဦးလွင်မှာ ရှိပါသေးတယ်နော်။

Vintage Vibe ကို ကြိုက်တဲ့သူတွေအနေနဲ့ ပြင်ဦးလွင်ကိုရောက်ခဲ့ရင် ကိုလိုနီခေတ်လက်ကျန် နှစ်၁၀၀သက်တမ်းရှိတဲ့ Hotel Pan Thitsar မှာလာရောက်တည်းခိုဖို့လည်း မမေ့ပါနဲ့ခင်ဗျာ။ ဒါ့အပြင် လာရောက်တည်းခိုမယ့် ဧည်သည့်တွေအနေနဲ့ Hotel Pan Thitsar မှာ …. ကိုလိုနီ Vibe တွေနဲ့အတူ ဓာတ်ပုံရိုက်မလား? တော်ဝင်ဆန်တဲ့ ဥယျာဥ်ထဲမှာ ညစာစားမလား? ကိုလိုနီခေတ်ဒီဇိုင်းတွေလွှမ်းမိုးထားတဲ့Hotel Pan Thitsar မှာ လာရောက်တည်းခိုကြမယ့် ဧည့်သည်တော်များကို ပြင်ဦးလွင်ကနေ အေးချမ်းလှပစွာဖိတ်ခေါ်ကြိုဆိုလိုက်ပါတယ်။